ပြောင်းပြီးရင် လဲကြပါစို့..

 

သင်္ကြန်ကို ပြောင်းရွေ့ခြင်းလို့  အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊
စာရေးသူအနေနဲ့ ပြောင်းရွေ့ခြင်း ဆိုတဲ့စာသံပေသံ လေသံကိုပင် ပြောင်းလဲခြင်းဟု ထပ်ခါဖွင့်ဆိုချင်ပါ၏၊
ပြောင်းလဲခြင်းဟုဖွင့်ဆိုရခြင်းမှာ Everything is changing. ဆိုသည့်အတိုင်း အရာဝတ္ထုတိုင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတဲ့ သဘာဝ၊ အနိစ္စ-မမြဲခြင်းသဘောကို ပိုပြီးပီပြင်စွာမြင်စေချင်သည့် စိတ်စေတနာကြောင့်ရယ်ပါ၊(မရောင်ရာဆီလူးဟုဆိုခြင်နေမလား၊မတက်နိုင်ဘူးဆက်ရေးရတော့မှာဘဲ )
တစ်ရာသီကုန်လို့ တစ်ရာသီပြောင်း၊ တနှစ်ကုန်လို့ တနှစ်ပြောင်း၊ အဟောင်း အဟောင်းတွေကုန်တဲ့အချိန်နဲ့ အသစ်အသစ်တွေ စဉ်ဆက်မပျက် ဆက်ကာဆက်ကာ ဖြစ်နေတဲ့ကြားထဲကနေ အချိန်ကာလတခုကိုပဲ သတ်သတ်မှတ်မှတ် အနေအားဖြင့် နှစ်သစ်ကူးရိုးရာပွဲအနေအားဖြင့်် ဆင်နွဲကြတာကိုပဲ သင်္ကြန်လို့ခေါ်ဆို သတ်မှတ်တာလို့နားလည်ပါတယ်၊
အဲဒီလိုပြောင်းလဲခြင်းကိုပဲ တေးရေးဆရာ ဂီတနက်သန် ကိုစောညိမ်းက “ရော်ရွက်ဝါ မြညှာညောင်းကာ ညိုးလျှော့ခွေပြောင်း နွေနှောင်းရာသီမှာ လေယူနှင်ရာ ကြွေကာဝဲကာ ဆင်းရွှေမှုံရောရာ မြေသို့သက်လျှော လွမ်းဘွဲ့သာမောစွာ” ဟု မြရောင်စိမ်းနေသည့် သစ်ရွက်ညှာတံလေးဟာဖြင့် ရင့်ရော်ကာပြောင်းလဲ အတောင်ညောင်းတဲ့ ငှက်ပမာ မြေသို့ဝဲကာ ဆင်းသက်လာတဲ့ဟန် ပြောင်းလွဲခြင်းသဘာဝအမှန်ကို တင်စားရေးစပ်ပြတာဟာဖြင့် နှစ်လုံးသားနုသူတွေအဘို့ ရွှေရင်စို့စ၇ာပါ၊
ဘာပဲဖြစ်နေနေ သင်္ကြန်ဆိုတာကတော့ ပြောင်းလဲခြင်းကာလတွေများစွာထဲက ပြောင်းလဲခြင်းကာလ တခုဟုဆိုလျှင်…အဲဒီအချိန်ကာလနဲ့ အတူဖြက်သန်းနေရတဲ့လူတွေဟာလည်း ပြောင်းလဲခြင်းတွေနဲ့အတူ ဖြတ်သန်းနေရတာကတော့ အမှန်ပါဘဲ၊ ဒါဆိုရင် တိုးတက်ဘို့ပြောင်းလဲလိုတဲ့သူဟာ စဉ်းစားဘို့လိုလာ ပြီပေါ့နော်၊ ကောင်းသောတိုးတက်မှု့နဲ့ပြောင်းလဲတာလား၊ မကောင်းသောဆုတ်ယုတ်မှု့နဲ့ ပြောင်းလဲတာလား စဥ်းစားစရာပါ၊
လူတိုင်းဟာ အသက်အရွယ် အတွေ့အကြုံအလိုက် အတွေးပြောင်းလဲတတ်တာ သဘာဝပါ၊
အဲဒီထဲက စာရေးသူလက်လှမ်းမှီသမျှ ပြောင်းလဲခြင်းနဲ့ပါတ်သက်တဲ့ အတွေးတစ်စ ဆွဲထုတ်ကြည့်နေမိရင်းက  ကိုယ်တွေးသမျှ သိသမျှ ပြောပြချင်တဲ့ ဆန္ဒက တားမရတော့..
လူ့ဘဝလူရယ်လို့သိတတ်ခါစ….                                                                                            ကလေးဘဝ ကျောင်းနေကာစ အရွယ်မှာဖြင့် တုတ်ကလေးတွေ ဓါးကလေးတွေနဲ့ ကလေးသဘာဝ တုတ်သိုင်း ဓါးသိုင်း ကကာဆိုကာ ကစားနေကြရင်၊ မိဘတွေ အစ်ကိုတွေအမတွေက ဝမ်းဗိုက်ကိုထိုးမိမှာ မျက်လုံးထိခိုက်မှာ စိုးရိမ်တဲ့အတွက် တုတ်နဲ့ ဓါးနဲ့ မဆော့ဘို့တားကြတဲ့အခါ ကလေးကမကြိုက်ပါ၊ ဘာဖြစ်လို့လည်းဆိုတော့ တုတ်နဲ့ ဓါးနဲ့ ဆော့ကစားနေရတာကိုပဲ သူ့အရွယ် သူ့အတွေး သူ့ပျော်ရွင်အတွက် အမှန်တရားဖြစ်နေလို့ပါဘဲ၊
အဲဒီကနောက် အကယ်၍များ ဒုတ်ဓါးနဲ့ကစားစဉ်က ခန္ဓာကိုယ်ထိခိုက်မှု့ တခုခုဖြစ်ခဲ့မယ်ဆိုလျှင်တော့ ကိုယ်တိုင်လည်းပူပန် မိဘအသိုင်းအဝိုင်းလည်း စိတ်ပူရတက်ပါတယ်၊ (စာရေးသူရဲ့ အစ်ကိုဝမ်းကွဲတယောက်မှာဖြင့်  သူ့ရဲ့သူငယ်ချင်းတယောက်က အုန်းလက်တံလေးကို လက်ညိုးပေါ်မှာတင် အဖျားကိုခေါက် ပြစ်လိုက်တဲ့အုန်းလတ်မျှားအရှိန်ကြောင့် မျက်စိတဖတ်ပျက်စီးရပါတယ်၊အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု့တခုပါ )၊ တုတ်နဲ့ ဓါးနဲ့ ကစားရတာဟာ အန္တရာယ်များမှန်း သိတက်လာတဲ့အရွယ်ကြတော့ တုတ်နဲ့ဓားနဲ့ ကိုယ်တိုင်လည်းမကစားကြတော့သလို၊ မိမိကိုယ်တိုင်မကစားတဲ့အပြင် ကစားတဲ့ကလေးတွေကိုတွေ့ရင်တောင် အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ တားမြစ်ကြပါတယ်၊ ဒါကလည်းအရွယ်နဲ့အတူ ပြောင်းလဲခြင်းတခုပါ။
ဒီလိုနဲ့ အသက် ၁၅ နှစ် ၁၆ နှစ် စာသင်ခန်းထဲမှာ စာကိုကြိုးစားသင်ယူရမဲ့အချိန်မှာ မကြိုးစားပဲ ကျောင်းလစ်၊ ကျုရှင်မသွား အပေါင်းအသင်းများနဲ့ ဟေးလားဝါးလား လုပ်နေရတာကိုပဲ ပျော်ရွင်မူ့တခုလို့ သဘောထားနေ တဲ့သူကို ဆရာသမားများက စားကိုကြိုးစားသင်ယူဘို့ ဆုံးမကြတဲ့အခါ မကျေမနပ် သဘောမကျ ပုန်ကန်ကြတာကိုလည်း တွေ့ကြရပြန်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူ့အရွယ်သူ့အတွေး သူကိုယ်တိုင် အမှတ်ပေးပြီး အမှန်လို့သဘောထားနေတာကြောင့်ပါ၊
ထိုမှနောက် နှစ်၃၀ နှစ် ၄၀ အရွယ်မှာ စီးပွါးရှာကြရာဝယ် ပညာလမ်းကြောင်းနဲ့ကြီးပြင်းလာသူကတော့ အလုပ်ကောင်ကောင်း ဝင်ငွေကောင်းကောင်းနဲ့ ဘဝတခုကိုရပ်တည်ပြီး၊ ပညာရေးလမ်းကြောင်းကို သွေဖယ်လို့လမ်းဘေးရောက်သွားသူကတော့ ကြုံရာကျပန်း အလုပ်နဲ့ ပင့်ပန်းစွာ အသက်မွေးကြရတော့တာပါဘဲ။ အဲဒီအခါ ငယ်ငယ်က ပညာကိုကြိုးစား မသင်ယူခဲ့မိတာကိုပဲ ပြောင်းလဲတဲ့ နောင်တအနေနဲ့ ရတတ်ကြပါတယ်၊
          ဒီကတခါ ငယ်စဉ်အခါက စီးပွါးကောင်းစွာ မရှာခဲ့ရင် အသက်အရွယ်ရလာတော့ တကယ်လို့များ အားကိုးရာမဲ့စွာ လောကအလယ် မျက်နှာငယ်စွာနဲ့ ဘဝကိုဖြတ်သန်း မလန်းဆန်းတော့တဲ့ နောင်တတွေနဲ့ အတွေးတွေ ပြောင်းလဲတတ်ပြန်ပါတယ်၊
 နောက်ဆုံး…..တဖြည်းဖြည်းနဲ့ နေလုံးကြီးလည်းနွမ်း ဘဝလည်းပန်းလျှတဲ့အချိန်ကျ နောက်ဆုံး ထွက်သက် ဝင်သက်ကိုကြိုးစားရူနေရတဲ့ အချိန်မှာ အားကိုးလောက်စရာ ကုသိုလ်ဥစ္စာရှာမထားမိဘူးဆိုရင်
အော် …အရွယ်ကောင်းတုန်းက သူတော်ကောင်းတရားတွေအားထုတ်ဘို့၊ နာယူဘို့၊ ကျင့်ကြံဘို့၊ ဒုက္ခရောက်နေ သူတွေကိုကူညီဘို့ စသည်ဖြင့်….ရခဲပါတယ်ဆိုတဲ့ လူ့ဘဝကြီးမှာ လုပ်နိုင် ယူနိုင် ရနိုင်တာတွေ အများကြီးရှိပါရက်သားနဲ့ ငါမှာတော့ မေ့မေ့လျှော့လျှော့  ပေါ့ပေါ့ဆဆ နေခဲ့မိတာဟာ မှားလိုက်တာလို့များ ..နောင်တနဲ့လုံးထွေး သံသရာအရေးကို နောက်ဆုံးအချိန်ကျမှအတွေး ပြောင်းခဲ့မိရင်တော့…ပြောင်းခဲ့မိရင်တော့ ဝမ်းနည်းစရာပါလို့ ဝမ်းနည်းစကားဆိုကာမျှဖြင့်လည်း လုံလောက်မယ်လို့ မထင်ပါ၊
ဒီတော့ သင်္ကြန်- ပြောင်းရွေ့ခြင်း ဒါမှမဟုတ် ပြောင်းလဲခြင်းဆိုတဲ့..ပြောင်းလဲခြင်းတွေများစွာထဲက အခုရေးခဲ့သလို အပူနောင်တနဲ့ ပြောင်းလဲခြင်းမျိုးမဖြစ်ကြရအောင်...
          ပိုးစုန်းကြူးတွေကိုစု အပေါ်မှာအမှိုက်တင် မီးရလေမလားရယ်လို့ ကြိုးစားကာမှုတ်နေတဲ့သူလို အချိန်ကုန်လူပန်းပြီး အချည်းနှီးမဖြစ်ရလေအောင်.. ညီငယ် ညီမငယ်လေးများနဲ့ အားလုံးသောသူတွေဟာ ကိုယ့်အရွယ် ကိုယ့်အတွေးမှန်သမျှတွေဟာ အမြဲတမ်း ပြည့််စုံပြီလို့တော့ အတ္တကိုကိုင်စွဲ ငါမှငါဘဲဆိုတဲ့ တယူသန်အတွေးတွေနဲ့ ဘယ်သူပြောတာမှလက်မခံ မာနတွေတင်းခံနေဘို့ သင့်မသင့် ဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့အခါ ကိုယ်ပိုင်ဉာဏ်နဲ့သုံးသပ်ကာ ယခုကောင်းကျိုး နောင်ကောင်းကျိုးတွေကို  လက်မလွတ်ရအောင်၊ မြင့်မြတ်တဲ့ဆန္ဒ၊ တည်ကြည်တဲ့စိတ်ဓါက်၊ မလျှော့သောဇွဲလုံလ၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်တွေနဲ့ သုံးသတ်ဆုံးဖြက်ပြီး…
တရားလေသံ ခပ်ဆန်ဆန်ပြောရရင် အချိန်ဆိုတဲ့ ယန္တယားကြီးက ရလာတဲ့ ခန္ဓာကိုယ်ကြီးကို အို ရာကနေ နာ-ရာစီသို့၊ နာ-ရာကနေ သေနယ်ဆီသို့တဖြည်းဖြည်း မရောက် ရောက်အောင် ပြောင်း ပို့ပေးနေတာပါဘဲ၊ တားလို့မရတဲ့သဘောတရားကြီးပါနော်၊ အဲဒီထဲကမှ အနှစ်သာရရယ်လို့ ဘာမျှမပါ ရထားတဲ့ခန္ဓာကိုယ်ကို အနှစ်သာရဖြစ်ဘို့ ဒီနှစ် သင်္ကြန်ကစလို့ အကျိုးမဲ့ပေးတတ်တဲ့ မကောင်းမှု့တွေကိုပါယ်ရှား ကုသိုလ်တရားတွေနဲ့ အားခဲကာ ကြပါစို့…
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ လူမရှိ၊
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ လူမရှိ။

လက်ဖဝါး နဲ့ လက်ဖမိုးအမြင် သိစေချင်….


တယောက်နဲ့ တယောက်ပေါင်းသင်းကြတဲ့အခါ ဆက်ဆံကြတဲ့အခါ အမြဲတမ်းကတော့ ကိုယ့်အလိုကြ ဘယ်တော့မှမဖြစ်နိုင်ပါ၊ အကြောင်းသော်ကား.. သူ့အမြင် ကိုယ့်အမြင်ဆိုပြီး နှစ်မြင်ရှိတက်လို့ပါဘဲ၊ အဲဒီလိုအမြင်နှစ်မျိုးဆိုတာကလည်း နှစ်ဦးစလုံးဟာ အတ္တလူသားတွေပီပီ အတ္တဆိုတဲ့ “ငါ” အပေါ်မှာ အခြေခံကြလို့ပါဘဲ..
တသက်မှာ တကိုယ် သူ့ကိုသာအချစ်ဆုံးဆိုပြီး ပေါင်းသင်းလာကြတဲ့ သူတွေများတောင် အသေးအမွှား လွှဲမှားမှု့ကအစ အကြီမားဆုံးသောရန်သူတွေဖြစ်ကာ.. နောက်ဆုံးလမ်းခွဲကြရတဲ့ အထိဖြစ်ကြတယ်ဆိုတဲ့ သတင်းကြားရတာ ဒုနဲ့ဒေးပါဘဲ၊
 အကြောင်းအရာတခု ဆွေးနွေးကြလို့ ညှင်းခုံကြတဲ့အခါ တယောက်နဲ့တယောက် ညှိမရလို့ပြောကြတဲ့အခါ  ဟေ့ “မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုးကွ”  ဆိုကာ လက်သီးလက်မောင်းတန်းပြီး  အာခေါင်အာရင်းသန်သန်နဲ့ ပြောကြတာလည်း နေရာတကာမှာ တွေ့နိုင်တာပါ၊
ဟေ့ မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုး  ဆိုတဲ့စကား စာရေးသူလည်း လက်ခံပါတယ်၊ ဒါပေမဲ့ စာရေးသူတွေးနေမိတာက တချို့ လူတွေဟာ နှစ်ဘက်မြင်သဘောတရားကို လက်ခံကျင့်သုံးသလိုလို တဖတ်လူကိုလည်း နားလည်ပေးပါဆိုတာမျိုး ပြောနေပေမဲ့ ပြောနေသူရဲ့စိတ်ထဲ ပြောနေစဉ်ကာလမှာ မသိမသာ ဒေါသအပေါ်မှာ အခြေခံပြီး ငါ့ဘက်ကကြည့်ရင် လက်ဖမိုးကွ ဆိုတဲ့ အတွေးကိုသာ နေရာပေးကာ …ငါ့မြင်း ငါဆိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုတာမျိုး ကျင့်သုံးပြီး ကျန်တဲ့သူရဲ့ လက်ဖဝါးအမြင်ဝါဒကို သဘောပေါက်ပေမဲ့ လက်မခံနားလည်မပေးနိုင်တဲ့သဘောပါနေတာကိုပါ၊
  တဖက်လူကသာ နှစ်ဘက်မြင်သဘောတရားကိုလက်ခံလို့ အလျှော့ပေးလိုက်ရင်တော့ ဒီနေရာမှာပဲ ကိစ္စပြီးပါတယ်၊ အကယ်များသာ တဖက်လူကလည်း ရှေ့လူနည်းတူ ငါ့ဘက်ကအမြင်သာအမှန်ပါဟုဆိုကာ တင်းခံနေပါက လက်ဖဝါးအမြင် လက်ဖမိုးအမြင် မပီပြင်တော့ပါ၊
အဲဒီအခါမှာ မပြီပြင်သော မကြည်လင်သော အဆုံးသက်မူ့တွေနဲ့ ..ဟင်း ထင်းခွေမကြုံ ရေခတ်ကြုံတာပေါ့ကွာ ဟုဆိုကာ လက်စားချေတက်ကြပါတော့တယ်၊
စာရေးသူကြားဘူးတဲ့ လက်စားချေတဲ့သာဓက ရှေးတုန်းက ရွာတရွာမှာ ကိုတိုးဆိုသူက တခြားရွာမှာရှိနေတဲ့ သူ့သူငယ်ချင်းကိုမိုး ရှိရာကို အလည်ရောက်လာပါတယ်၊ ဒီနယ်ကိုရောက်တုန်းရောက်ခိုက် ဒေသန္တရ ဗဟုသုတ ရဘို့ဟိုဟိုဒီဒီလှည့်ကြည့်ဘို့ရန်အတွက် ကိုမိုး အိမ်မှာရှိနေတဲ့ မြင်းတကောင်ကို ခနငှါးစီးပြီး လျှောက်လည်ပါတော့တယ်၊ တနေကုန် လျှောက်လည်လို့အားရ ညနေချိန်ကျတော့ အိမ်ပြန်လာတယ်၊ ကိုမိုးလည်း သူ့မြင်းလေးကိုကြည့်ပြီး အတော်လေးသနားနေရှာတယ်၊ ကိုမိုးစိတ်ထဲမှာတော့ ငါမြင်းလေးကို တနေ့ကုန် မညှာမတာစီးထားတာ တနေ့နေ့တော့တွေ့ကြသေးတာပေါ့ကွာ..  ဟုဆိုကာစိတ်ထဲမှာ တေးထားပါတော့တယ်၊
ဒီလိုနဲ့ ကိုမိုးလည်း အကြောင်းကိစ္စတခုပေါ်လာတော့ ကိုတိုးရွာကို ရောက်သွားပါတယ်၊ ကိုတိုးအိမ်ကမြစ်ကမ်းနားဘေးမှာ ဆိုတော့ မြစ်ဘေးချောင်းဘေးနေသူများပီပီ အိမ်တိုင်းမှာ အရေးပေါ်အတွက် လှေတစီးဆီ ရှိကြပါတယ်၊ ကိုတိုးပိုင်တဲ့လှေကိုကြည့်ပြီး ကိုမိုးကလက်စားချေချင်စိတ်တွေတဖွါးဖွါး ပေါ်လာကာ ..ဟ သူငယ်ချင်းငါ့ကိုမင်းလှေ ခနငှါးစမ်းကွာဟုဆိုကာ လှေပေါ်တက်ပြီး အားရပါးရ လှော်ပါတော့တယ်၊ စိတ်ထဲကတော့…ဟား ဟား ငတိုးရာ မင်းငါ့ရွာလာတုန်းက ငါ့မြင်းကို မညှာမတာစီးထားတာ၊ ဒီတခါတော့ မင်းလှေကိုလည်းတအားလှော်လိုက်မယ် လို့တွေးပြီး ကိုတိုးလှေကို တနေကုန်တနေခန်း မြစ်ထဲမှာ တအားသာ အားစိုက်လှော်နေပါတော့တယ်၊
ထိုနည်းတူစွာ ကိုလိုရာတွေးပြီး လက်စားခြေဘို့ကိုသာ စိတ်အားသန်ကာ စိတ်ပင့်ပန်း ကိုယ်ပင့်ပန်း ဖြစ်နေမှန်းမသိ ဖြစ်နေကြတာကို သတိကပ် သိမှတ်စေလိုတာပါ၊
ဟေ့ “မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုးကွ”  ဆိုကာ လက်သီးလက်မောင်းတန်းပြီး ပြောနေတဲ့ဟန်ပန် အခြေခံ ဒေါသစိတ်ထားသံကိုပြောင်းပြီး..
“မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုးပါသူငယ်ချင်းရာ”  ဟုဆိုကာ နှစ်ဘက်မြင်ဝါဒကို မေတ္တာရှေးရှု့ကာ စိတ်ထဲကလည်းလက်ခံ ကိုယ်တိုင်လည်းကျင့်သုံးရင်ဖြင့် နှစ်ဦးစလုံးအတွက် နှစ်ဘက်စလုံးအတွက်  နှစ်အုပ်စုလုံးအတွက် အဖွဲ့အစည်းနှစ်ခုလုံးအတွက် ….အတွက် ….အတွက်…. အတွက်အသင့်မြတ်ဆုံးဖြစ်နေမယ်ဆိုတာ ယုံကြည်ကာဖြင့်……ယုံကြည်စွာဖြင့်….

Happy New Year ကိုစမ်းစစ်ခြင်း


2010 ကိုစွန့်ပြစ် 2011  ကို ချစ်ကြပါစို့….
2010 ကိုကျော်လွန်လို့ 2011 မှာပျော်ရွင်စို့၊ ပျော်ရွင်ပါစေ..
2010 ကိုလွန်မြောက် 2011 သို့ရောက်ပြန်သော်….
2011 နှစ်ဦးမှာတစ်ယောက်နဲ့ တစ်ယောက် တွေ့ကြတဲ့အခါ ပျော်ရွင်တဲ့အပြုံးကိုသယ်ဆောင် Happy New Year ဆိုတဲ့စကားလုံးလေးကို လက်ဆောင်အဖြစ်ပေးကြတယ်၊ အပေးခံရသူကလည်း သူအပြုံးကိုလက်ခံ ကျေနပ်ဟန်နဲ့  Happy New Year စကားလုံးလေးကို ပြန်လည်ပြောဆိုကာလက်ဆောင်ပေးကြပါတယ်၊
မြန်မာရိုးရာမဟုတ်ပေမဲ့ သူဓလေ့ သူထုံးတမ်း သူအစဉ်အလာလေးကတော့ ချစ်စရာလေးပါ..
2009 နှစ်ကုန်လို့2010 နှစ်ဦးမှာလည်းပဲ ဒီလိုပဲ Happy New Year လုပ်ခဲ့ကြတာပါဘဲ…
ဟိုး………….2008နှစ်ဟောင်းလို့ 2009 ပြောင်းတုန်းကလည်း ထိုနည်းတူစွာ..တူစွာ တူစွာ သောနှစ်တွေအများကြိးလွန်မြောက်ခဲ့ကြပါပြိ.
ဒါပေမဲ့လည်းတကယ်ပဲ Happy New Year ဖြစ်ခဲ့ကြရဲ့ လား..
နှစ်သစ်ဖြစ်တဲ့2011 မှာရောမျှော်လင့်ကြတယ်..တကယ်ပဲ Happy New Year တကယ်ဖြစ်ပါ့မလား…..
ကိုယ်တိုင်ခံစားတွေ့ကြုံ ဖြစ်ပျက် တွေ့ကြုံခဲ့ရတဲ့ အနေအထားတွေရော လူတိုင်တွေ့ကြုံ ရင်ဆိုင်နေရတဲ့အဖြစ်အပျက် အပြောအဆိုတွေအရရော…အားလုံးကိုခြုံကြည့်ရရင် အပျော်တွေက ခပ်ပါးပါး အမောတွေကခပ်များများနဲ့ အဆုံးသက်ခဲ့ကြတာများမယ်လို့ထင်ပါတယ်နော်…
ဒါကိုပဲ လူ့လောကဆိုတာဒါပဲကွဆိုပြီး ကောင်းတာ ၄ ပါး မကောင်းတာ ၄ ပါး ရောနေတဲ့ လောကဓံရှစ်ပါးကို    ( လာဘ်လာဘ ရခြင်း၊ မရခြင်း၊ ဆိုကာ စသည်ဖြင့်) တရားသဘောနှောကာ သရုပ်ချမျှောမပြလိုပါ..
တကမ္ဘာလုံးနဲ့ဖြစ်ပျက်နေတဲ့ အနေအထားကိုလည်း စာရေးသူ လိုက်မမှီလို့ စကားလုံးကြီးကြီးသုံပြီး တော့လည်းမပြောလိုပါ၊
ဒါပေမဲ့လည်း…ကိုယ်နဲ့နီးသမျှလေ့လာကြည့်တဲ့အခါကြ အလုပ်ရှင်နဲ့ သာမန်အလုပ်သမားများ အကြားဆက်ဆံတဲ့နေရာ၊ အထက်အရာရှိနဲ့သာမန်ဝန်ထမ်းအကြား၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားအကြား..မိသားစုများအကြား၊ သူငယ်ချင်းများအကြား…စသည်အကြား မပြေလည်တဲ့အပိုင်းတွေက အဖြစ်များဆုံးပါ ၊ဘာဖြစ်လို့လည်းဆိုတော့ နေ့တိုင်းဆက်ဆံရတာလည်းဒီလူတွေပဲဖြစ်နေလိုပါပဲ..၊ ဒီလူတွေအချင်းချင်းကြားမှာ ပြေလည်နိုင်တဲ့ကဏ္ဍကို ပိုင်းခြားထာတာက“ ငါ “ ဆိုတဲ့ အကောင်ပါ၊ လောကလူလောကထဲကို တချက်လေး အကဲခတ်လိုက်တော့..၊ အတ္တကြီးပြိးတကိုယ်ကောင်းဆန်လွန်းသူတွေဟာ ငါ ကိုရှေ့တန်းတင်ပြီး လူလောကကြီးနဲ့အမြဲတန်း ရန်ဖြစ်နေကြရတာများပါတယ်၊ အဲဒီလိုရန်ဖြစ်တိုင်းလည်း  တဖတ်သားလူလောကကြိးကိုအပြစ်တင်ကြပြန်ပါရော၊  ရန်ဖြစ်နေချိန်မှာရော၊ဖြစ်ပြိးလို့ သူများကိုအပြစ်ဖို့ လက်တို့ပြီးပြောနေချိန်မှာရော တကယ်တန်တော့ စိတ်ဆင်းရဲနေတဲ့သူတွေဟာငါ ကိုဗဟိုပြု ကိုယ်ကျိုးသာရှု့နေသူတွေပါ…
အဲလိုလူတွေအတွက်… Happy New Year အစစ်…မဖြစ်ပါလိုပဲဆိုချင်ပါတယ်…
တကယ်တန်းHappy New Year ဖြစ်ဘို့က ကိုယ့်ရင်ထဲက စိတ်ဆန္ဒသာ အဓိကကျပါတယ်.. အရာရာအားလုံးကိုအကောင်းမြင်တက်ဘို့မတက်နိုင်သေးရင်တောင်၊ အဆိုးမြင်တက်တဲ့သဘာဝကို သတိထား ကျိုးစားပြီးရှောင်၊ ကိစ္စကြိးငယ်ထိပ်တိုက်ရင်ဆိုင်လို့ တဖတ်သားနဲ့ သဘောထားလွဲတဲ့အခါတိုင်း ငါသာ သူ့နေရာမှာသာဆိုရင်ဆိုတဲ့အတွေးလေးနဲ့ ကိုယ်ချင်းစာတရား လက်ကိုင်ထား လိုက်မယ်ဆိုရင်….
HappyNew Year အစစ်နဲ့ ပျော်စရာတွေဖြစ်နေမှာပါလို့တွေးရင်….ရေးရင်း…
ဒီလိုနဲ့…ငါကိုယ်တိုင်လည်းHappy New Year အစစ်ဖြစ်မဖြစ် ဆိုတဲ့အတွေး ရင်ထဲမှာဖြေးဖြေးလေးကြည့် ပြုံးစိစိနဲ့…..ကျေနပ်သယောင်ယောင်…မျက်မှောင်ကြုံ့ပြီး…အလိုမကျသယောင်ယောင်….

ငါဘယ်လိုလူစားလည်း..သင်ဘယ်လိုလူစားလည်း...

လူတွေဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေတခုကို ဆုံးဖျက်ကြတဲ့အခါ..ကိုယ့်ဝါသနာ ကိုယ့်စရိုက်ကိုအခြေခံပြိးတော့ ပြုလုပ်ကြတာ ပြောဆိုကြတာ ကြံစည်ကြတာများပါတယ်၊ အဲဒီလိုဆုံးဖျက်တဲ့အခါမှာလည်း လူတယောက်ရဲ့ကြိးပြင်းလာတဲ့ ကိုယ့်ပါတ်ဝန်းကျင်ရဲ အရှိန်တွေလည်း လွမ်းမိုးနေတက်ပါတယ်။ လူပါတ်ဝန်းကျင် လူအသိုင်းအဝိုင်း လူတွေနဲ့ပါတ်သက်နေသမျ အခြေအနေအမျိုးမျိုးအပေါ်မှာ အခြေခံပြီး ကာယကံရှင်ကိုယ်တိုင်ရော အခြားလူတွေပါ မိမိဓါက်ခံအပေါ်မှာမူတည်ပြိး ဆုံးဖျက်ကြတဲ့သာဓကပုံပြင်လေးတခု တင်ပြလိုက်ရပါတယ်။
ဟိုရှေုးတုန်းက ဖြူစင်ကြယ် လိုအမည်ရတဲ့ နိုင်ငံ နဲ့ လူတွင်ကျယ် နိုင်ငံ ရယ်လို့ဆိုပြိးနှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ပြိး တည်ရှိကြပါတယ်၊ အဲဒီ နှစ်နိုင်ငံအစပ် နယ်နိမိတ်မှာ ဓန မြို့တော်ဆိုတဲ့ မြို့သေးသေးလေး ရှိပါတယ်တဲ့၊ ဓနမြို့တော်ဆိုတဲ့အတိုင်း အဲဒီမြို့တော်လေးဟာ ကုန်စည်ရောင်းဝယ်စည်ကားပြိး အလွန်လှပတဲ့ မြို့လေးတမြို့အဖြစ်ရပ်တည်နေရင်း………ဒီဘက် ဖြူစင်ကြယ်နိုင်ငံကလည်း ဒီမြို့လေးကိုသူတို့ပိုင်တယ်၊ ဟိုဘက် လူတွင်ကျယ်နိုင်ငံကလည်း ဒီမြို့လေးကို သူတို့သာ ပိုင်ဆိုင်တယ် ငြင်းခုံကြပါတယ်… အဲဒီလိုငြင်းခုံရင်း အဖြေမထွက်တဲ့နောက်ဆုံး တနေ့မှာ နှစ်နိုင်ငံ စစ်မက်ဖြစ်ပွါးဘို့ထိ ဖြစ်လာကြပါတော့တယ်။
ဖြူစင်ကြယ်နိုင်ငံကလည်း သူတို့မှာပိုင်ဆိုင်တဲ့ လက်နက်အင့်အား လူအင့်အား နဲ့တိုက်ပွဲဖန်တီးပြိး ဒီမြို့လေးကို ရရှိဘို့အတွက် ချီတက်လာပါတော့တယ်၊ ထို့အတူပါဘဲ တဖက် လူတွင်ကျယ် နိုင်ငံကလည်း လက်နက်အင်းအား လူအင်းအား အလုံးအရင် နဲ့ ချီတက်လာပါတော့တယ်။
နှစ်နိုင်ငံ နယ်စပ်ရောက်တဲ့အခါ တဖက်နဲ့ တဖက် စစ်တိုက်ဖို့ အဆင့်သင့်ဖြစ်နေချိန်မှာ ..ဖြူစင်ကြယ် နိုင်ငံက ရှင်ဘုရင်မျာ စိတ်ကူးတခုပေါ်လာတယ်..သူမှာပေါ်လာတဲ့စိတ်ကူးကို တဖက် ရန်သူနိုင်ငံရဲ့ ရှင်ဘုရင်ကိုပြောပြညှီနိုင်းဘို့ စကားကမ်းလှမ်းပါတယ်။ အဲဒီလိုနဲ့ ရှင်ဘုရင် နှစ်ပါး တွေ့တဲ့အခါ ဖြူစင်ကြယ်နိုင်ငံရှင်ဘုရင်က စပြိး …ဒို့နှစ်နိုင်ငံ ဒီမြို့သေးသေးလေးကိုအကြောင်းပြုပြီး စစ်တိုက်ကြတော့မယ်၊ အဲဒီလိုစစ်တိုက်တဲ့အခါ တိုက်ပွဲကြာရင် ကြာသလောက် နှစ်နိုင်ငံလုံး အထိနာကြမယ်၊ လူတွေရဲ့အသက်ပေါင်းများစွာလည်း သေကြတော့မယ်၊ တိုင်းသူပြည်သားတွေလည်း အတိဒုက္ခရောက်ကြတော့မယ်၊ စသည်ဖြင့် စကားကမ်းလှမ်းလိုက်တဲ့အခါ…
လူတွင်ကျယ် တိုင်ပြည်ရှင်ဘုရင်က ကဲဒါဖြင့်် ဘာစိတ်ကူးရှိလို့လည်း ဘာဖြစ်ချင်လည်း ငါတို့ကတော့ တိုက်ဘို့အစဉ်သင့်ဘဲ …ဟု ချိမ်းချောက်စကား နဲ့ ကြုံးဝါးပြောဆိုပါတယ်။
ဖြူစင်ကြယ် တိုင်ပြည်ရှင်ဘုရင်က အဆွေတော်… ဒီဓနမြို့လေးတန်ဘိုးထက် နှစ်ဘက်သော စစ်သည်ရဲမတ် အသက်တွေဟာ ပိုတန်ဘိုးရှိပါတယ်..ဒါကြောင့် ဒို့နှစ်နိုင်ငံ စစ်မတိုက်ဘဲ နှစ်နိုင်ငံလုံး ပညာရှိချင်းပြိုင်ပြိး နှစ်လုံးရည်ချင်းတိုက်ကြပြီးအဆုံး အနိုင်အရှုံးသက်မှတ်တာ ပိုကောင်းမယ်ထင်တယ်လို့ အဆိုတင်သွင်းပါတယ်၊
လူတွင်ကျယ်တိုင်းပြည်က ရှင်ဘုရင်က..ရတယ် လက်ရုးံရည်ချင်းယှဉ်လည်း ရတယ်၊ နှစ်လုံးရည်ချင်းယှဉ်လည်းရတယ်၊ ဟုအားကျမခံပြောဆိုပြိး ….ယှဉ်ပြိုင်မဲ့ရက် နေရာ သက်မှတ် ပြိးအသိးသီးကိုယ်တိုင်ပြည်ကိုယ် ပြန်ခဲ့ကျတော့တယ်၊
ဖြူစင်ကြယ်တိုင်းပြည်မှာ တကယ်တော်တဲ့ပညာရှိတွေ ပေါသလောက် …ဟို လူတွင်ကျယ် တိုင်းပြည်မှာတော့ ပညာရှိမရှိသလောက်ရှားပါတယ်…ဒိတော့ လူတွင်ကျယ်..ရှင်ဘုရင်က ကဲ..ငါ့တိုင်းပြည်ထဲရှိတဲ့ ပညာရှိတွေရှာစမ်းဟဲ့ ဆိုပြိးး…အရေးပေါ်အမိန့်ထုပ်ပြီး…မောင်းထုပြိးရှာခိုင်းပါတော့တယ်၊
တိုင်းသူပြည်သား လူအများတို့လေး…………………….ဒူ ဒူ ဒူ…….
ဒီကနောက် လပြည့်နေ့ရောက်တဲ့အခါ ..ဖြူစင်ကြယ်တိုင်ပြည်နဲ့ ပညာရှိချင်းပြိုင်ကာ နှစ်လုံးရည်ယှဉ်ကာ အနိုင်အရှုံးသက်မှတ် ဆုံးဖြတ်ချက်ချမည်ဖြစ်ပါသောကြောင့်.. တိုင်းပြည်အတွင်းမှာ ရှိသောပညာရှိများ အနေဖြင့် တိုင်းပြည်ဂုဏ်သိက္ခာငဲံ့ကွက်ကာဖြင့် အမှု့တော်တာဝန်ထမ်းရွတ်နိုင်ပါကြောင်း …အမှု့တော်တာဝန်ထမ်းရွက်နေစဉ်ကာလအတွင်း ရေမြေ့သနင်း လူတွင်ကျယ် ဒို့အရှင်ဘုရင်ကလည်း လစာကောင်းကောင်းဖြင့် သူကောင်းပြုမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်….ဒူ ဒူ ဒူ……….. စသည်ဖြင့် တမြှိုဝင် တမြို့ထွက် ကြေညှာမောင်းခတ်ပြိး လှည့်လည်ရှာကြပါတော့တယ်…’
‘ဒိလိုနဲ့ တမြို့ဝင် တမြို့ထွက်..တရွာဝင် တရွာထွက်..ရှာဖွေကြရင်း ထန်းတော့တခုကိုဖျက်လျောက်ရင်း တာဝန်ရှိလူများက ကြေငြာမောင်းထုပြိး..ပုံမှန်ကြော်ငြာကြပြန်ပါတယ်..မောင်းထုသံကြားပြိး..ထန်းတောထဲမှာ အရက်သောက်မူးပြိးလဲနေတဲ့ အရက်သမားက မောင်းထုသံကြောင့်လန့်နိုးပြိး…နားစွင့်နေလိုက်တဲ့အခါ..
အလို………………တိုင်းပြည်အတွက်ပညာရှိလိုအပ်တယ်ဆိုပါ့လား..အင်း ငါသာပညာရှိယောင်ဆောင်ပြိး ဒီပွဲ ၀င်နွဲလိုက်လို့ တကယ်လို့များငါနိုင်ခဲ့ရင်…ရှင်ဘုရင်စီက အရက်ဘိုးကောင်းကောင်းရမယ်…အရက်ကောင်းကောင်းသောက်ရမယ်… ကဲကွာ ဒိပွဲငါဝင်ပြိုင်မယ်ဆိုပြိး မူးလဲနေရာကနေ ကုန်းရုံးထပြိး မူးမတ်တွေနားသွားပြိး…ဗျို့ အမက်မင်းကြိးတို့ ဘာကိစ္စနဲ့ ဒိအရပ်ဒီဒေသကိုလာပြိးမောင်းထုကြေငြာနေကြပါလည်း..လို့ မေးလိုက်ပါတယ်.
ဟဲ့..မောင်မင်း..ဝေးရာသွားရှောင်နေစမ်း..တိုင်းပြည်မှာ ဒိလောက်အရေးတကြိးပညာရှိရှာနေချိန် မောင်မင်းကို ရှင်းပြနေချိန်မရှိဘူး…ဟု ခပ်မာမာပြန်ပြောလိုက်ပါတယ်..
အော်…အမတ်မင်းကြိးတို့ရယ်..ဒီအတွက်မပူပါနဲ့ လို့ပြောလိုက်တဲ့အခါ…မူးမတ်များ အံ့အားတသင့်နဲ့ လှည့်အကြည့်… တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာတင်ရာမှာ ကျွှန်တော်မျိုးမှအခြား..တခြားလူရှိရိုးလားဗျာ..ပြောလိုက်တော့..
မူးမတ်များက ..အားရဝမ်းသာတဲ့စိတ်နဲ့ မောင်းမင်းသင်တကယ်ပညာရှိရဲ့လား..လို့အရက်သမားကိုပြန်မေးလိုက်တယ်..ဒိမှာ ၀န်မင်းတို့ ကျုပ်က ခေတ်ကာလမကောင်းလို့ ရူးချင်ယောင်ဆောင်နေတာကို ဘာမှတ်နေလည်း.. တိုင်ပြည့်အုပ်ချုပ် ရှင်ဘုရင်လုပ်သူကို ပညာရှိပုဂိုံလ်ကျော် လူတော်တယောက်တွေ့ပြိဆိုတဲ့အကြောင်း….သတင်းကောင်းအနေနဲ့ အမြန်ဆုံးသာ သံတော်ဦးသာတင်လိုက်ကြပါတော့…လို့မှင်သေသေနဲ့ ပြောလိုက်တဲအခါ..ပညာနည်းတဲ့တိုင်းပြည်ရဲ့ မူးမတ်တွေကလည်း အားရဝမ်းသာစွာနဲ့ အရက်သမားအပြောကောင်းကောင်းနဲ့ ဖိန့်လိုက်တာကို အဟုတ်ထင်ပြိး နန်းတော်အတွင်း တလေးတစားခေါ်ဆောင်သွားကြပါတော့တယ်။ နန်းတော်အတွင်းရောက်တဲ့အခါ အမွေးနံ့သာရေတွေနဲ့ ရေမိုးချိုး အဝတ်အစားကောင်းကောင်း ဝတ်ဆင်စေပြိး..ရှင်ဘုရင်ထံမှောက်ရောက်စေပြိး..သံတော်ဦးထင်လိုက်သည်မှာ..အရှင်ဘုန်းကံအောက် ပညာရှိယောင်္ကျားကောင်းတယောက် အခစားရောက်တဲံ့အကြောင်း သံတော်ဦးတင်လိုက်ကြပါတော့တယ်။
လူတွင်ကျယ် ရှင်ဘုရင်လည်း အားရဝမ်းသာစွာနဲ့ ရွင်းရွင်းလဲ့လဲ့ရှု့စား ….ကောင်းကောင်းမြှောက်စားထားဘို့ အမိန့်တော်ချမှတ်ပါတယ်..
အဲဒိလိုနဲ့ အရက်သမားလည်း ပညာရှိလို့နာမည်ခံ လောကီစည်းစိမ်လျှံနေအောင် ခံစားနေပါတော့တယ်..
အဲဒီလိုနဲ့ ..တိုင်းပြည်နှစ်တိုင်းပြည် ယှဉ်ပြိုင်မဲ့ရက်ရောက်ရှိလာတဲ့အခါ.. အသိးသိးသော ကိုယ်တိုင်းပြည်ရဲ့ ပညာရှိအမတ်ကိုခေါ်ဆောင်ပြိး… အခန်းအနားတွေနဲ့ နှစ်နိုင်ငံနယ်စပ်ကိုရောက်ရှိလာကြပါတော့တယ်။
ဖြူစင်ကြယ် တိုင်းပြည်က တကယ့်ပညာရှိဟာလည်း ပညာရှိအဝတ်အစား အဆောင်အယောင်တွေနဲ့ ချိန်းဆိုတဲ့နေရာရောက်လာသလို… လူတွင်ကျယ် တိုင်းပြည်က အရက်သမား ပညာရှိဟာလည်း ..ပညာရှိအဝတ်အစား အဆောင်ယောင်နဲ့ ရောက်ရှိလာပါတော့တယ်။
ပညာရှိ နှစ်ယောက် တွေ့ကြတဲ့အခါ တယောက်နဲ့တယောက် အသိအမှတ်ပြု အရိုအသေပေးပြီး၊ ဖြူစင်ကြယ် တိုင်းပြည်မှလာတဲ့တကယ်ပညာရှိက …စပြိး…
့ကဲ …ကျွန်တော်မျိုးတို့ နှစ်ဦးလုံးဟာ အသီးအသိး မိမိတိုင်းပြည်ရဲ့ကိုယ်စား ပညာချင်းပြိုင်ဘို့ရန်အတွက် ရောက်လာခြင်းဖြစ်ပါတယ်….ဟုတ်ပ..ဟုဆိုကာ အရက်သမားပညာရှိကထောက်ခံပါတယ်။
ဒီတော့ ..များသောအားဖြင့် အခြားသောပြိုင်ပွဲတွေဟာ စကားပြောဆိုခြင်းဖြင့်ပြိုင်ကြတယ်၊ ကျုပ်တို နှစ်ဦးပြိုင်ပွဲ ကတော့ စကားမပြောဘဲ အမူအယာ နဲ့ဘဲ ပြိုင်ကြရင် ကောင်းမယ်ထင်ပါတယ်..သင့်သဘောထားသိပါရစေ လို့ဖြူစင်ကြယ်တိုင်းပြည်က ပညာရှိကမေးပါတယ်။
လူတွင်ကျယ် တိုင်းပြည်က ပညာရှိယောင်ဆောင်ထားတဲ့ အရက်သမားက …စမ်းချင်ရာစမ်း မောင်ဘဂျမ်း ဟူဆိုကာ..ကြိုက်တဲ့နည်းနဲ့ ပြိုင်ပါရပါတယ်..ဟုပြောဆိုကာ ပြိုင်ပွဲစလေသည်၊
ဖြူစင်ကြယ်တိုင်းပြည်က တကယ့်ပညာရှိက ..ပထမဆုံး..လက်ငါးချောင်း ထောင်ပြတယ်၊
လူတွင်ကျယ်တိုင်းပြည်က အရက်သမားပညာရှိက..စဉ်းစားတယ်၊ အင်း အရက်သမားတယောက်ရဲ့ အသွေးအသား နီးစပ်စပ်အရောင် နဲ့ ငါလက်တွေအနည်းငယ်တုန်နေတာ ရိပ်မိပြိးတော့ တနေ့ တနေ့ အရက်ငါးပုလင်းကုန်သလားမေးတာနဲ့တူတယ်။ ဟင်း….ငါးပုလင်းဘယ်ကမလည်း ၁၀ ပုလင်းတောင်ကုန်တယ်ဆိုတဲ့ အတွေး…အဖြေပေးတဲ့နေနဲ့ လက် ၁၀ ချောင်းထောင်ပြလိုက်ပါတယ်။
ဖြူစင်ကြယ်တိုင်းပြည်က ပညာရှိက ..အော် ငါက မင်းတိုတိုင်းပြည်က ရှင်ဘုရင်ဟာ ၅ ပါးသီလ မြဲသလားလို့းမေတာ..သူကပြန်ဖြေတယ်..၁၀ ပါးသီလတောင်မြဲတယ်ဆိုပါ့လား..အင်း ကောင်းလေစွ ကောင်းလေစွ ဆိုပြိး စိတ်ထဲမှာ ကြည်နူးနေပါသတဲ့။
နောက်တခါ..ဖြူစင်ကြယ် တိုင်းပြည်ကပညာရှိက ရင်ဘက်ကလေးအုပ်ပြီး ပုတ်ပြ ပုတ်ပြ ပြိးတော့ အမူအယာနဲ့ပြမေးတယ်။
လူတွင်ကျယ်တိုင်းပြည်က အရက်သမားပညာရှိ စဥ်းစားတယ်…အင်း…ငါ့ကို တနေ့တနေ့ အရက် ၅ ပုလင်းကုန်လားမေးတော့ ငါက ၁၀ ပုလင်းကုန်တယ်လို့ပြောလိုက်တယ်။ ခု ရင်ဘက်ပုတ်ပြီးမေးတာဟာ ဧကန္တ ၁၀-ပုလင်းကုန်အောင်သောက်တဲ့ငါ့ကို အဲဒီလောက်သောက်မှတော့ ရင်ဘက်မပူဘူးလားမေးတာနေမှာ။ ဟင်း…၁၀ ပုလင်းတောင်ကုန်အောင်သောက်ထားမှတော့ ရင်ဘက်တင်မကဘူး ကျောပါပူတယ်ဗျ ဆိုတဲ့နေနဲ့ ရင်ဘက်ရော ကျောရော ရှေ့နောက်ပုတ်ပြလိုက်တယ်။
အဲဒီတော့ ဖြူစင်ကြယ်တိုင်းပြည်က တကယ့်ပညာရှိက အော်…မင်းတိုတိုင်းပြည်ကရှင်ဘုရင်ဟာ တိုင်းသူပြည်သားတွေရဲ့ အပေါ်မှာ ရင်ဝယ်သားကဲ့သို့စောင့်ရှောက်ရဲ့လားလို့ငါမေးတာကို..သူတို့ရှင်ဘုရင်က တိုင်းသူပြည်သားတွေရဲ့အပေါ်မှာ တပြေးညီ ကျောသား ၇င်သား မခွဲခြားဘဲဆက်ဆံတယ် ဆိုပါ့လားလို့သဘောက်ပေါက်ပြီး....း။ ကောင်းပ ကောင်းပ ဟု စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ .။။။
ပုံပြင်လေးကတော့ ဒီမျှပါဘဲ-
ဒီပုံပြင်လေးကပြောချင်တာက ..လောကမှာ ပညာရှိနာမည်ခံထားသူတွေ..အပြင်မှာ ပညာရှိတွေရဲ့ အဆောင်အယောင်တွေ အသုံးအဆောင်တွေ အဝတ်အစားတွေ ဝတ်ဆင်ထားပေမယ့်လို့.. ပင်ကိုယ်ဗီဇစရိုက်အပေါ်မှာအခြေခံပြီး တကယ့်ပညာရှိက ပညာရှိတွေးတွေးပြိး..အရက်သမားကတော့ အရက်သမားတွေးတွေးကာ အကြောင်းအရာတခုကိုဆုံးဖျက်တက်ကြလို့ပါဘဲ။ စားရေးသူကိုယ်တိုင် လည်း ပုံပြင်လေးဖတ်ပြိးနောက်ပိုင်းအကြောင်းအရာတခုတွေ့လိုက်တိုင်းကြုံလိုက်တိုင်း..စဉ်းစာမိရက်သားဖြစ်နေတက်ပါတယ်…
သင်စာဖတ်သူလည်း အကယ်လို့များ ကိစ္စကြိးငယ်ကြုံလာခဲ့ပါက……………………ဘယ်လို့များ…လိမ့်..လိမ့်ဆိုတဲ့ အတွေ့များနဲ့..

အရိုး..နရိုး..ဂွရိုး..

ကျွန်တော်လည်း..အတွေးနဲ့ပါတ်တဲ့ စာတွေရေးလာရာကနေ စဉ်းစာကြည့်တော့ စာဖတ်သူတွေလည်း တော်တော်ဦးနှောက်ခြောက်မှာပဲလို့တွေးမိရင်း…စာဖတ်သူတွေအတွက် အပြုံးပန်း တပွင့်လောက် ဖန်းတီးပေးချင်စိတ်လေးပေါ်လာလို့ ဒီဆောင်းပါးလေးရေရခြင်းပါ..
လောကမှာ အရိုး ၃ မျိုးရှိပါတယ်၊
( ရိုးသားဖြောင့်မတ်ခြင်း ထဲက ရိုးသားတာကိုမဆိုလိုပါ)
( ၁ ) အ- ရိုး (၂) န-ရိုး ( ၃) ဂွ-ရိုး ဆိုးပြိးရှိပါတယ်။
၁- -ဗဟုသုတ နည်းပါပြိးး အေးအေးနဲ့ ရိုးရိုးနေတက်တာဟာ အ-ရိုး
၂- ဗဟုသုတ နည်းပါးရုံတင်မက အလုပ်လုပ်တဲ့နေရာမှာ နမော်နမဲ့ နဲ့အမှားမှား အယွင်းယွင်းလုပ်တက်သူဟာ န-ရိုး
၃- ဂွ-ရိုးဆိုသူကတော့ ဗဟုသုတတော့ အထိုက်အလျှောက်ရှိပါတယ်၊ ဒါပေမဲ့ပြောလိုက်ရင် တမင်ပြောတာမဟုတ်ပေမဲ့ သူပြောတဲ့စကားဟာ အမြဲတမ်းတဖတ်လူနဲ့ ဂွတိုက် သလိုပြောတက်သူ။
အဲဒီလို ၃ မျိုးရှိတဲ့အထဲက……………………….

တခါတုန်းက အလွန်တောခေါင်ပြီး ဗဟုသုတ အတော်လေးနည်းပါးသော လူတွေနေထိုင်ကြတဲ့ ရွာလေးတရွာရှိပါသတဲ့၊ ဘယ်လောက်ထိ ဗဟုသုတနည်းသလည်းဆိုတော့ အဲဒီရွာကလူတွေဟာ မှန် ကိုမမြင်ဘူးကြပါဘူ့း။
တနေ့တော့ တောင်ယာလယ်ယာ စိုက်ပျိုးပြီး လုပ်ကိုင်စာသောက်တဲ့ ကိုဖိုးထောင် တယောက် လယ်ထွန်းရင်းကနေ လယ်ကွက်ထဲကနေ မှန်တချပ် ကောက်ရပါသတဲ့.. မှန်မှာ ပေကျံနေတဲ့ အညစ်အကျေးတွေကို ပုဆိုးလေးနဲ့သုတ်ပြိး ကြည့်လိုက်တော့ မှန်ထဲမှာ ယောင်ထုံးကြိးနဲ့ ခန့်ခန့်ငြားငြား ယောင်္ကျားတယောက်ကို တွေ့မြင်လိုက်ရတဲ့အခါ …
ဟာ …ကြည့်စမ်း ငါကျေးးဇူးရှင် ဘကြီးရဲ့ပုံဘဲ၊ ဆိုပြိးအားရဝမ်းသာစွာနဲ့ အိမ်ကိုယူလာပြီးအိမ်းခန်းလေးထဲမှာသိမ်းထားပါသတဲ့၊ အဲဒီနေ့ကစပြိး လယ်တောထဲကပြန်လာတိုင်း ပထမဆုံးအိမ်ခန်းထဲဝင်းပြီး သိမ်းထားတဲ့မှန်ကိုထုပ်ပြိးကြည့်လေ့ရှီပါတယ်...အဲလိုကြည့်ပြိး သူဘကြိးက သူ့ငယ်ရွယ်စဉ်အခါက သူ့အပေါ်ကောင်းခဲ့ ဂရုစိုက်ခဲ့တာတွေ ကြင်နာခဲ့တာတွေပြန်လည်ပြိးး သတိတရရှိနေတက်ပါသတဲ့.
တနေ့မဟုတ်တနေ့ အဲဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ကိုဖိုးထောင်မိန်းမ မမွေးတယောက် သူယောင်္ကျားကို သံသယရှိလာပါတယ်၊ ငါယောင်္ကျား အပြင်ကပြန်လာတိုင်း အိမ်ခန်းထဲဝင်းပြိး ဘာဝင်လုပ်တယ်မသိ၊
အင်း တခုခုတော့ တခုခုဘဲ…တနေ့ ကိုဖိုးထောင် တောသွားသခိုက် အိမ်ခန်းထဲဝင်ရှာပါသတဲ့. ရှာရင်းကနေ ကိုဖိုးထောင်သိမ်းထားတဲ့ မှန်တချပ်သွားတွေ..မမွေးအပြေးအလွား ကောက်ကိုင်ပြိး အကြည့် …
အောင်မလေး ကိုဖိုးထောင်ရဲ့လို့ ၇ အိမ်ကြား ၈ အိမ်ကြားအော်ငိုပါလေရော…
ပါးစပ်ကလည်း ..ဟင် ငါသူအပေါ် ဒီလောက် မယားဝတ္တရား နဲ့အညီ သစ္စာရှိရှိ မေတ္တာမပျက်ဂရုစိုက်ပါရဲ့သားနဲ့ သူက ငါအပေါ် …ဟင်း ကြည့်စမ်း ကြည့်စမ်း..သူမယားငယ်ပုံ သိမ်းထားတယ်..ဆိုပြိး ..မှန်ကိုကောက်ကြည်င့်္လိုက် ..မှန်ထဲက ပုံကို မမွေးခမျာ သူပုံမှန်းသူမသိ..ဖိုးထောင်ရဲ့ တိတ်တိတ်လေး-ယူထားတဲ့ နောက်မယားငယ်ပုံလို့ထင်ပြိး..ရင်ကွဲမတက် ခံစားလိုက်ရတာ..
လယ်တောက ပြန်လာတဲ့ဖိုးထောင် ပုံမှန်အတိုင်း အိမ်ခန်းထဲအဝင်
မမွေးက ဖိုးထောင်ကိုမြင်လျင်မြင်းချင်း …အောင်မလေးကိုဖိုးထောင်ရဲ့ ..တော် ကျွန်မအပေါ် ဘာမကျေနပ်လို့လည်း ..ကျွန်မကတော့လေ ရှင်အပေါ် ချစ်လိုက်ရတာ သံယောဇဉ်တွေပိုလိုက်ရတာ.
လင်တမျက်နှာ တရွာထင်ပြိးနေလိုက်ရတာ….
တမိုးအောက် တယောက်ထင်ပြိး ချစ်လိုက်ရတာ..တော်ကတော့ ဒိလိုမဟုတ်..ကျွန်မေအေါ် သစ္စာဖေါက်ရက်လေခြင်း ဆိုပြိး ပြောလဲပြော ငိုလဲငို ..ဖိုးထောင်ရင်ဘက်ကြိးကိုလည်း လက်သီးဆုပ်နဲ့ထုထုပြိး ..နေလိုက်တာ..ဖိုးထောင်ခမျာ ဘာမှမသိရှာ ..အံ့သြပြိး ဟဲ့ မမွေး မင်းဘာဖြစ်လို့လည်း နေမကောင်းဘူးလား. ပြစမ်း နဖူးဆိုပြိး လက်ဖဝါးလေးနဲ့စမ်းကြည့် ဖျားသွေးလည်း မရှိပါဘူး…နက်များဖမ်းစားထားလား။ စသည်ဖြင့် ပျာပျာသလဲ စိုးရိမ်နေတာကို မမွေးက…..တော် ခုမှလာပြိး ကြင်နာချင် ယောင်ဆောင်မနေနဲ့..စိတ်နာတယ် စိတ်နာတယ် ..အော်ပါလေရော..
မွေး ..အကျိုး အကြောင်း ယောင်္ကျားလည်းပြောပြအုံးလေ..
ဘာပြောပြဘို့လိုသေးလည်း ကိုဖိုးထောင်ရဲ့ ….လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာ..တော်က ဆင်သေကို ဆိတ်သားရေနဲ့ဖုံးချင်တာလား…သက်သေသက္ကာယနဲ့ပြမယ်..ဆိုပြိး..မှန်ကိုထုပ်ပြ .ဒီမှာကြည့်စမ်း ..ဒါတော်မယားငယ်ပုံမဟုတ်လား..ကြည့်းစမ်း သနပ်ခါး ပါးကွတ်ကြားကြီး နဲ့ ဘီးစပတ်ကြိးနဲ့ …အောင်မလေး ကိုဖိုးထောင်ရဲ့ ဆိုပြိး ငိုပါလေရော…
ဖိုးထောင်ကလေည်း ဟာမဟုတ်တာကွာ…ပြစမ်းဒီမှာကြည့် ..ဒါက ငါဘကြီးပုံကွ မှန်ယူကြည့်ကာ သူဘကြိးဆိုသူဖြစ်ကြောင်း ဆိုပြိးပြော…
မမွေးကလည်းကလည်း မှန်တခါပြန်ယူပြိး..ဘယ်ကငါဘကြိးပုံဟုတ်ရမှာလည်း..ဒီမှာကြည့် တော်မယားငယ်ပုံလေ…ဆိုပြိးပြန်ပြော…
နောက်ဆုံး..ဖိုးထောင်က ကဲ ဒို့ဒီလိုငြင်းခုံနေရင်မပြိးတော့ဘူး…ရွားဦးကျောင်းဆရာတော်ဆီသွားပြိး အဆုံးအဖျက်ခံမယ်ဆိုပြိး .လင်မယားနှစ်ယောက် တယောက်တပေါက် သူတပြန်ကိုယ်တခါလှည့်ပြောပြိ့းရွာဦးကျောင်းဆရာတော်ထံရောက်လာကြပါတော့တယ်..
ရှေးတုန်းက တချိုရွာတွေမှာ ရွာဦးကျောင်းဆရာတော်တွေက အထိုက်အလျောက် သြဇာညောင်းကြပါတယ်…
ခုလည်း ကိုဖိုးထောင်တို့ လင်မယား ရွားဦးကျောင်းဆရာတော်ထံမှောက် ငိုငိုရီရီ နဲ့ ရောက်လာကြပါတော့တယ်၊
ဆရာတော်လည်း ဟဲ့ ဟဲ့…
ဘယ်လိုဖြစ်လာကြတာတုန်း..မျက်နှာတွေကလည်း မသာမယာနဲ့ ..ပြောစမ်းဟ ဖြစ်သမျှအကြောင်းအစုံအလင်…..
မမွေးကစပြိး ..ဆရာတော်ဘုရား …ဆရာတော်တပည့်က တပည့်တော်မအပေါ်မှာ သစ္စာဖေါက်တယ်ဘုရား…
ဟဲ့ မိမွေး..နင်ဟာက ဟုတ်ရဲ့လားဟာ၊
မဟုတ်ရှိရိုးလားဘုရား..ဒီမှာကြည့်ဘုရား သူမယားပုံဆိုပြိး…မှန်ကြည့်ပြိးလျှောက်တယ်…
ဖိုးထောင်ကလည်း ..ဆရာတော်ဘုရား….သူတပည့်တော်အပေါ်အမြင်မှားတာပါဘုရား.ဆိုပြိး မမွေးလက်ထဲက မှန်ကိုရုပ်တရပ်လုယူပြိး…ဒီမှာကြည့်ပါဘုရား ..တပည့်တော် ဘကြီးပုံဘုရား...ဆိုပြိးပြန်လျှောက်တယ်..
ဟယ်…..နင်တို့ဟာကမဟုတ်သေးပါဘူး..ငါပြစမ်းဆိုပြိး ရွာဦးကျောင်းဆရာတော်က ဖိုးထောင်လက်ထဲမှာ ရှိတဲ့ မှန်ကိုရုပ်တရက် ယူပြိး အကြည့် ..
ဟေ……မင်းတိုဟာက .ဘယ်လိုဖြစ်ကြတာတုန်း…ငရဲကြိးကုန်တော့မှာပဲ….
ဒီပုံက ဘဝတပါး ပျံလွန်တော်မူသွားတဲ့ ငါရဲ့ လက်ဦးဆရာတော်ပုံပါဟာ..ကြည့်စမ် ..ဥပဓိရုပ်က ခန့်ခန့်ုငြားငြားနဲ့ မျက်ခုံးကကောင်းကောင်း..ခေါင်းကလည်း ပြောင်နေတာပဲ ကြည့်စမ်းဆိုပြိး…ဆရာတော်က..ရှေမှာမှန်ချ မျက်စိစုံမှိတ်ပြိး သူ့ဆရာဂုဏ်တွေကို အာရုဏ်ပြုပြီး ဦးချပါသတဲ့……..
ကဲ…စာဖတ်သူအနေနဲ့
ရွာဦးကျောင်းဆရာတော်အပါအဝင် ဖိုးထောင်တို့ မမွေးတို့ အရိုး ဘာအရိုးလို့ဆိုချင်ပါသလည်း


ဘယ်လိုပဲဖြစ်နေဖြစ်နေ..ရှေ့တုန်းကရော..ယခုကာလမှာပါ… လူတွေဟာ အဖြစ်မှန်မသိသမျှ အပြစ်တင်ကြတာ အစဉ်အလာလိုဖြစ်နေတက်ပါတော့တယ်…လေ..
အဲဒီတော့ အကြောင်းအရာတခုကို သုံသပ် ဆုံးဖျက်တဲ့နေရာမှာ အမှားမကင်းနိုင်ကြပေမဲ့ အမှားနည်းအောင်တော့ သတိထားဆင်ခြင်နိုင်ကြပါစေ..

တဖတ်လောက်သာ ငှါးကြည့်ပါ..

စာရေးသူ ငယ်စဉ်ကာလတချိန်းတုန်းက ဦးလေးတယောက်က မင်္ဂလာဆောင်ပြိးခါစ သူအသစ်စက်စက် ဇနီးမယားနဲ့ စာရေးသူတို့စီကိုအလည်လာတယ်လေ။
ချစ်စခင်ခ ကြင်နာစ ဆိုတဲ့အတိုင်း ဦးလေးက သူချစ်သူဇနီးလေးကိုချစ်လိုက်တာလွန်ရော၊ မျက်နှာတချက်အညိုမခံဘူး အလိုလိုက်တာ။ မျက်စိအောက်က ပျောက်မှာကို အလွန်ဆိုးတယ်၊ ဆိုတဲ့သီချင်းစာသားလို တကယ်ကိုမျက်စိအောက်က အပျောက်မခံပါဘူး၊
စာရေးသူက မေမေကို ဦးလေးအကြောင်းပြောပြဖြစ်ပါတယ်။
မေမေရယ် ဦးလေးက သူမိန်းမကိုချစ်လိုက်တာလွန်ရော..လိုတာထက်ပိုတယ်ထင်ပါတယ်မေမေရယ်ဆိုတော့၊ ဆိုတော့
သားရယ် သူချစ်လို့ယူထားတာလေ ငါ့သားရဲ့ ငါသားကဘာလို့ မနာလိုဖြစ်နေလည်း လို့ပြောပါတယ်၊
စာရေးသူက …မနာလိုလို့မဟုတ်ပါဘူးမေမေရယ်..
ဦးလေးမိန်းမက ဒီလောက်လှတာမှမဟုတ်တာ လို့ပြန်ပြောတော့။…
အော် ငါသားရယ်..
သားရဲ့ ဦးလေးမျက်လုံးတဖတ် လောက်ငှါးပြီးကြည့်ပါလား ငါသားအမြင်တွေပြောင်းသွားလိမ့်မယ်၊
မျက်လုံးတဖတ်ပဲငှါးကြည့်နော် …နှစ်ဖတ်ငှါးမကြည့်နဲ့ ငါသားကပါ ကြိုက်သွားလိမ့်မယ်..လို့ပြန်ပြောလိုက်တော့
စာရေးသူလည်း ရှက်သွားပြိး ..ဟာ ….မေမေကလည်းဆိုပြီး….လှည့်ထွက်လာခဲ့ပါတော့တယ်။
အဲဒီအချိန် အဲဒီအခါတုန်းကတော့ ဒိလောက်ပါဘဲ…
တဖြည်းဖြည်းနဲ့ အရွယ်ရောက်လားပြီး စဥ်းစားတတ်တဲ့အခါ..
အော်..ဘာကိစ္စမဆို သူအမြင် ကိုယ့်အမြင်ဆိုပြိး .. အမြင်နှစ်မျိုး ရှိတက်ကြပါတယ်…
လူ့သဘာဝ တခါတလေ ….အဲဒီလိုဒွန်တွဲလို့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ အမြင်တိုင်းကိုလည်း
ကိုယ့်ဘက်က အမြင်ဟာ မှန်တာရှိသလို မှာတာလည်း ရှိတက်ပါလိမ့်မယ်..
ထို့အတူ တပါးသူဘက်ကအမြင်ကလည်း မှားတာရှိသလို မှန်တာလည်း ရှိပါလိမ့်မယ်..
ဘယ်လိုဘဲရှိပါစေပေါ့နော်..
သဘောထားကွဲလွဲတဲ့အခါတိုင်း တဖတ်သားရဲ့  အမြင်လေးကိုလည်း သူသူငါငါ အနေနဲ့ မျက်လုံးနှစ်ဘက်မဟုတ်တောင်..တဖတ်လောက်ငှါးကြည့်လိုက်သလို ငှါးကြည့်ကြရင် ကောင်းမှာဘဲ ဆိုတဲ့အတွေးစ ရင်ထဲမှာရှတတလေးခံစားရင်း……………….