ထွက်ပေါက်ရှာကြရာဝယ်.


 ဘဝမှာ လူတွေဟာမွန်းကျပ်လာရင် ထွက်ပေါက်ရှာကြတဲ့သဘာဝဟာ ဓမ္မတာပါ၊ အဲဒီလိုမွန်းကျပ်တာကိုအခြေခံ ဘယ်လိုနည်းနဲ့ ဟန်မလဲလို့် ထွက်ပေါက်မျိုးစုံရှာကြတဲ့အခါ မိမိရဲ့ ပင်ကိုယ်စရိုက်ကိုအခြေခံပြိးတော့လည်း ထွက်ပေါက်ရှာကြတာရှိသလို၊ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က သြဇာရှိသူတွေရဲ့  ညွန်ကြားမှု့နဲ့လည်း ထွက်ပေါက်ရှာကြတယ်၊ အမျိုးမျိုးသောနည်းလမ်းပေါင်းစုံနဲ့ ထွက်ပေါက်ရှာကြပါတယ်။ အဲဒီအခါမှာ မှန်တဲ့နည်းလမ်းကိုအခြေခံပြိး လမ်းမှန်ပေါ်ကို ရောက်သွားတဲ့သူတွေရှိကြသလို နည်းလမ်းမှားလို့ စိတ်ဓါက်မခိုင် ဘဝယိုင်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါဘဲ..
စာရေးသူကိုယ်တိုင် ဘဝလောကဓံများစွာနဲ့ ရင်ဆိုင်ခဲ့ရဘူးပါတယ်၊ ဟိုတချိန်တခါက စာရေးသူဘဝ စာမေးပွဲကျပါတော့တယ်၊ စာမေးပွဲကျတဲ့အရသာ မခံစားဘူးခဲ့တဲ့ စာရေးသူအနေနဲ့တော့ အတော်လေးခါးခါးသီးသီး ခံစားလိုက်ရပါတယ်၊
အဲဒီအခါမှာ စာရေးသူ အစ်ကိုကြီး လုပ်သူက စာရေးသူဖြစ်တဲ့သူ့ညီကို စကားလေးတခွင်းပြောပါတယ်၊ ဒီမှာ ငါ့ညီ ရေမြောင်းရဲ့တဖတ်ကမ်းကိုခုန်ကူးတော့မဲ့သူဟာ မိမိခုန်မဲ့ မြောင်းရဲ့  အတိမ်အနက် အကျဉ်းအကျယ်ကို ချင့်ချိန်ရပါတယ်၊ အဲဒီအခါမှာ မြောင်းကအထိုက်အလျှောက် အနီးကပ်ခုန်ကျော်ဘို့ မစွမ်းနိုင်ဘူးဆိုရင် နောက်ကိုဆုတ်ပြီး အရှိန်ယူရတယ်လေ၊ အဲဒီတော့ ငါ့ညီလည်း ခုဟာက စာမေးပွဲကျတာမဟုတ်ပါဘူး..ငါ့ညီခုန်မဲ့မြောင်းက ညီလေးအတွက် နည်းနည်းလေးကျယ်နေတော့ အရှိန်ယူတဲ့သဘောပါကွာ၊ စာမေးပွဲကျတယ်လို့သဘောမထားပါနဲ့၊ အရှိန်ယူတဲ့သဘောလို့ အောင့်မေ့ပါဆိုပြီး အားပေးစကားပြောပါတယ်၊ အဲဒီအစ်ကိုကြီးသတိပေး..အားပေးစကားနဲ့ပဲ စာရေးသူဟာနောက်နှစ်မှာ အောင်မြင်ခဲ့ပါတယ်၊
နောက်တချိန် စာေ၇းသူအတွက် ဘဝလောကဓံ အဆိုးဆုံလို့ပြောမလား၊ ပြင်းထန်တဲ့လောကဓံ ရင်ဆိုင်နေရင်း စိတ်ဓါက်ကျလို့ လက်ရှိဘဝတခု အနေအထားတခုကနေ လက်လျှော့ပြီး နောက်ဆုတ်တော့မဲ့အနေအထားမှာ၊ အစ်ကိုကြီးလုပ်သူက ငါ့ညီ…ဒီနေရာမှာ လောကဓံမုန်တိုင်းတိုက်လို့ ရင်ဆိုင်ရတာ ပင့်ပန်းတယ်အထင်နဲ့၊ ဒီနေရာကနေ တနေရာကိုရွေ့လိုက်လို့ ပြောင်းလိုက်လို့ ငါ့ညီရဲ့  ယခုလောလောဆယ်ရင်ဆိုင်နေရတဲ့ လောကဓံမုန်တိုင်း ရှင်းသွားမယ်ထင်သလား ကိုယ်တိုင်ရင်ဆိုင်ပြီးဖြေရှင်းရမဲ့ အနေအထား ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းပါတဲ့၊ ပြဿနာတခုကို မရှင်းဘဲ ရှောင်တာဟာ ပြဿနာကို ဖြေရှင်းတဲ့နည်း မဟုတ်ဘူး၊ ခေတ္တယာယီ ထွက်ပေါက်ရှာတာပဲဖြစ်လိမ့်မယ်၊ ဒါဟာနည်းလမ်းမမှန်ဘူး၊လို့ပြောပါတယ်၊
မှတ်ချက်။ ။ တစ်ချို့နေရာတွေမှာ ပြဿနာက ရှင်းမှပိုရှုပ်တက်တာ တွေ့ရပါတယ်၊ ဒါကလည်း အနေအထားနဲ့ အချိန်အခါ ကိုတော့ မှန်မှန်ကန်ကန်သုံးသပ်တက်ဘို့တော့ လိုတယ်လို့မြင်ပါတယ်။(စာရေးသူ)
နောက်တခု ငါ့ညီသတိထားရမှာက ..လူတွေဟာ လောကဓံမုန်းတိုင်းတိုက်ပြိးလို့ရှိရင် လေပြေလေညှင်း လာလိမ့်မယ် လို့ မျှော်လင့်ကြတယ်၊ အဲဒီလိုမျိုး ငါ့ညီရေ..လေပြေလေညှင်းလာလိမ့်မယ်လို့ .. သေချာပေါက်မတွက်လိုက်နဲ့အုံး.နော် လေပြေလေညှင်းမလာပဲ တခါတလေ မုန်းတိုင်းရဲ့ နောက်ဆက်တွဲ …ဖြစ်လာတက်တဲ့ ..တော်လဲ တာတို့ ငလျှင်လှုပ်တာတို့ မိုးသဲထန်တာတို့ ဆိုတာတွေဟာ အချိန်မရွေး လာနိုင်သေးတယ်။ အဲဒိအတွက် အသင့်ပြင်ထားအုံး..လို့ သတိလည်းပေး အာလည်းမွေးဆိုတဲ့စကားမျိုးပြောပါတယ်၊ စာရေးသူလည်း အစ်ကိုကြီးစကားနဲ့ စိတ်ဓါက်ကြံ့ခိုင်အောင် ကျိုးစားပြိး ဘဝကိုတည်ငြိမ်စွာနဲ့ ဖျက်သန်းလာနိုင်ခဲ့ပါတယ်…
ဒီစကားတွေဟာ..သင်စာဖတ်သူအနေနဲ့ အရေးကြီးခြင်း မကြီးခြင်းနှစ်မျိုးထဲက တစ်မျိုးမျိုးတော့ဖြစ်ပါလိမ့်မယ်။ ဘာမဟုတ်တာလေးကိုရေးပြနေတယ်လို့ပြောလည်းခံရမှာပါ။ တခုပြောရဲတာကတော့ ..ခုစာရေးနေသူဟာ ဘဝတခုမှာ အောင်မြင်နေတဲ့သူ မဟုတ်ပေမဲ့ ..တချိန်က ဘဝမွန်းကြပ်ပြိး လောကဓံရင်ဆိုင်နေရချိန်မှာ ထွက်ပေါက်အရှာ မမှားခဲ့တာ၊ စိတ်ဓါက်မခိုင် ဘဝယိုင်မသွားတာကတော့ သေချာခဲ့ပါတယ်။
သင်စာဖတ်သူလည်း အကယ်လို့များ ဘဝမှာအခတ်အခဲ အဖုအထစ် လေးများရှိခဲ့သော် မြောင်းကျယ်ရင်ကျယ်သလောက် အရှိန်ယူဘို့လိုတယ်ဆိုတာရယ်…
အဆိုးဆုံးကိုဖြေရှင်းပြိးပြီဆိုတဲ့အတွေးနဲ့ သတိမေ့လျှော ဘယ်တော့မှ ပေါ့ပေါ့မနေပဲ သတိချပ် နောက်ကပ်ပါလာတက်တဲ့ ပြဿနာတွေအတွက် အသင့်ပြင်ထားဘို့..သတိပေးချင်တာတခုပါဘဲလေ…
အော်..လောကစကား…”အသက်တရာမနေရ …အမှု့တရာ တွေ့ရ” ဆိုတဲ့စကားလည်းရှိသည်မဟုတ်ပါလား….

v

0 comments:

Post a Comment